AYA Pay Player of the Match ဆုကြေးငွေ ကျပ်ငါးသိန်းအထိ တိုးမြှင့်ချီးမြှင့်သွားမည်

June 16, 2026

ဧရာဝတီအက်ဖ်စီအသင်းက Young Lionesses FC အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ

June 23, 2026

Latest News

ပွဲစဉ်(၁)တွင် ဂိုးပြတ်နိုင်ပွဲရရှိပြီးနောက် ဧရာဝတီအက်ဖ်စီအသင်း အမှတ်ပေးဇယားကိုဦးဆောင်

June 17, 2026

Myanmar Women’s League 2026-27 Week-1 ပွဲစဉ်အဖြစ် သစ္စာအားမာန်အက်ဖ်စီနှင့် ဧရာဝတီအက်ဖ်စီအသင်းတို့ ဇွန်လ ၁၇ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ဧရာဝတီအက်ဖ်စီအသင်းက လေးဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲ သစ္စာအားမာန်အက်ဖ်စီအသင်း၏ တိုက်စစ်ပိုင်းတွင် မြတ်နိုးခင်၊ ခင်စန်းဝင်း၊ နီလာဝင်းတို့ ဦးဆောင်ပွဲထွက်လာခဲ့ပြီး ဧရာဝတီအက်ဖ်စီအသင်းအနေဖြင့် မေထက်လူအား တိုက်စစ်မြားဦးတွင်ထားကာ တောင်ပံနှစ်ဖက်တွင် စန်းသော်သော်နှင့် ဘင်္ဂလားဒေ့ရှ်တောင်ပံတိုက်စစ်မှူး ရီတူးပွန်နာတို့ဖြင့် ဝန်းရံကစားခဲ့သည်။

ပွဲချိန်အများစုတွင် ဧရာဝတီအက်ဖ်စီအသင်းကသာ ပွဲကိုထိန်းချုပ်ကစားခဲ့ပြီး ၄၃၊ ၅၈ မိနစ်တွင် နော်ထက်ထက်ဝေကနှစ်ဂိုး၊ ၄၅+၃ မိနစ်တွင် အသင်းခေါင်းဆောင် လဲ့လဲ့လှိုင်နှင့် ၈၃ မိနစ်တွင် စန်းသော်သော်တို့က တစ်ဂိုးစီသွင်းယူကာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

သစ္စာအားမာန်အက်ဖ်စီအသင်းအနေဖြင့် ယနေ့ပွဲတွင် တန်ပြန်တိုက်စစ်ကိုသာ အဓိကအားပြုကစားခဲ့ပြီး အခွင့်အချို့ရခဲ့သော်လည်း တိုက်စစ်ပိုင်းက အသုံးချနိုင်ခဲ့ခြင်းမရှိပေ။

လက်ရှိအမှတ်ပေးချန်ပီယံဖြစ်သည့် ဧရာဝတီအက်ဖ်စီအသင်းသည် ယနေ့ပွဲအနိုင်ရလဒ်ကြောင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိခဲ့သည်။

Related News