ယနေ့ပွဲတွင် ရတနာပုံအသင်းသည် မြဝတီအသင်းဘက်သို ဂိုးရရန် တိုက်စစ်ဆင်ခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ပေ။ မြဝတီအသင်းသည် မာမာထန်ထန် ကစားပြနိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေဖြစ်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ပထမပိုင်းကဲ့သိုပင် မြဝတီအသင်းက ကစားပုံပိုကောင်းခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့သည်။ မြဝတီအသင်းအတွက် ဦးဆောင်ဂိုးကို မြနှင်းဝေက သွင်းယူပေးခဲ့သည်။ မြဝတီအသင်းသည် အနိုင်ရလဒ်ကို ဆက်လက်ထိန်းနိုင်သည့်အတွက် ယခုနှစ်ရာသီအတွက် ပထမဆုံး နိုင်ပွဲကို စတင်ရယူသွားခဲ့သည်။