Young Lionesses FC
1
-
2
Yadanarbon FC
SHIN THANT PHYU ZIN PYONE 83′
PIN MYINT YAN 35′
HNIN SANDAR WIN 70′
ပြီးခဲ့သည့်တစ်ပတ်တွင် Young Lionesses ၊ ရတနာပုံအသင်းတိုသည် ရှုးပွဲကိုယ်စီတွေ့ထားသည့်အတွက် ယနေ့ပွဲတွင် အဓိက ကစားသမားများ ကိုယ်စီအသုံးပြုကာ အမှတ်ရရန် ပြင်ဆင်လာခဲ့သည်။ ရတနာပုံအသင်းသည် ဂိုးရရှိရန် ဖိအားပေး ကစားခဲ့သော်လည်း Young Lionesses အသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် အကောင်းဆုံး ဂိုးပေါက်ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် ရတနာပုံအသင်းက ဦးဆောင်ဂိုး စတင်ရခဲ့ပြီး တောင်ပံမှ နှင်းစန္ဒာဝင်း ဖြတ်တင်ပေးသည့်ဘောလုံးကို ပင်မြင့်ယံက နှစ်ဆင့်ပိတ်သွင်းကန်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၄၁ မိနစ်ခန့်တွင် Young Lionesses အသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ထိုးဖောက်လာပြီး တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံး ကန်သွင်းခဲ့သော်လည်း ရတနာပုံအသင်း ဂိုးသမား ကာကွယ်သွားခဲ့သည်။ ပထမပိုင်းအပြီးတွင် ရတနာပုံအသင်းက Young Lionesses အသင်းကို (၀-၁)ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၇၀ မိနစ်တွင် ရတနာပုံအသင်း ဒုတိယ ဦးဆောင်ဂိုးရခဲ့ပြီး ပထမသွင်းဂိုးကို ဖန်တီးပေးခဲ့သည့် နှင်းစန္ဒာဝင်းက ကိုယ်တိုင် ကန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၈၃ မိနစ်တွင် Young Lionesses အသင်းက ချေပဂိုး ရခဲ့ပြီး ရတနာပုံအသင်း ဂိုးသမား၏ အမှားကို အသုံးချကာ တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ Young Lionesses အသင်းသည် လက်ကျန်မိနစ်များတွင် ရတနာပုံအသင်းကို တန်ပြန်တိုက်စစ်များမှ တစ်ဆင့် အကောင်းဆုံး ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ချေပဂိုး ထပ်မံမရခဲ့သည့်အတွက် ရတနာပုံအသင်းက (၁-၂) ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။