AYA Pay Player of the Match ဆုကို သစ္စာအားမာန်အသင်း တိုက်စစ်မှူး မြတ်နိုးခင် ရရှိ

Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4) ပွဲစဉ် တစ်ပွဲ အဖြစ် ဇူလိုင် ၈ ရက်(ယနေ့)၊ ညနေက YUSC ကွင်းတွင် သစ္စာအားမာန်အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Player of the Match အကောင်းဆုံး ကစားသမားဆုကို သစ္စာအားမာန်အသင်း တိုက်စစ်မှူး မြတ်နိုးခင်က ရရှိခဲ့သည်။

သစ္စာအားမာန်အသင်းက ရန်ကုန်စီးတီးအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် သစ္စာအားမာန်အသင်း တိုက်စစ်မှူး မြတ်နိုးခင် (ကျောနံပါတ်-၈)သည် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအနိုင်အတွက် သွင်းဂိုး နှစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည်။ ထို့ကြောင့် မြတ်နိုးခင်သည် ပွဲအပြီး၌ AYA Pay မှ ချီးမြှင့်သည့် AYA Pay Player of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

မြတ်နိုးခင်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ငါးသိန်းရခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးရဲဝင်းထွန်းက ချီးမြှင့်ပေးခဲ့သည်။

AYA Pay Player of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီတွင် AYA Pay Player of the Match ဆုရရှိသည့် ကစားသမားများအား တစ်ပွဲလျှင် ဆုငွေကျပ် တစ်သိန်း ချီးမြှင့်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်ကောင်းများကို ပိုမိုအသိအမှတ်ပြုဂုဏ်ပြုနိုင်ရန်အတွက် ဆုကြေးငွေကို ကျပ်ငါးသိန်းအထိ တိုးမြှင့်ပေးအပ်ထားခြင်းဖြစ်သည်။