Thitsar Arman FC
4
-
0
Young Lionesses FC
Myat Noe Khin (25′,40′)
Win Win (45+3′)
Wai Phoo Eain (90+2′)
–
ယနေ့တွင် နှစ်သင်းစလုံးမှ အဓိက ကစားသမားအများစုဖြင့်ပွဲထွက်ခဲ့ကြသည်။ သစ္စာအားမာန်အသင်းသည် ဘောလုံးရသည့်အချိန်တွင် ကွင်းတစ်ဝက်အထိ တက်ကာ ဂိုးရရန် ဖိအားပေးခဲ့သည်။ အလားတူ Young Lionesses အသင်းသည်လည်း ဘောလုံးဆုံးသည့်အခါ တစ်သင်းလုံးနီးပါး ခံစစ်ပိတ်ပြီး ဘောလုံးရသည်အခါတွင်လည်း တစ်သင်းလုံး တိုက်စစ်အထိ လိုက်ပါကစားခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် သစ္စာအားမာန်အသင်း ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ပြိုင်ဖက် ဂိုးသမားအမှားကို အသုံးချကာ မြတ်နိုးခင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဂိုးစတင်ရရှိပြီးနောက်တွင် သစ္စာအားမာန်အသင်းက Young Lionesses အသင်းကို ပိုမိုဖိအားပေးကစားခဲ့သည်။ ပွဲချိန် ၄၀ မိနစ်တွင် သစ္စာအားမာန်အသင်းမှ ဒုတိယဂိုး ထပ်မံရခဲ့ပြီး မြတ်နိုးခင်က ထပ်မံသွင်းပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၄၅+၃ မိနစ်တွင် လည်း သစ္စာအားမာန် တတိယဂိုး ထပ်မံရခဲ့ပြီး ဝင်းဝင်းက မြေမကျ ပိတ်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် သစ္စာအားမာန်အသင်းက Young Lionesses အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဒုတိယပိုင်းတွင် ပထမပိုင်းကဲ့သို ဂိုးပေါက်ခြိမ်းခြောက်မှု မများဘဲ နှစ်သင်းစလုံး ကစားပုံအေးစက်ခဲ့သည်။ နာကျင်အချိန်ပို ၉၀+၂ မိနစ်တွင် သစ္စာအားမာန်အသင်း စတုထ္ထဂိုးရခဲ့ပြီး ဝေဖူးအိမ်က သွင်းပေးခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် သစ္စာအားမာန်အသင်းက Young Lionesses အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။