Myanmar Women’s League ‌ဒုတိယအကျော့အတွက်ပြင်ဆင်နေသည့် မြဝတီအမျိုးသမီးအသင်း

September 3, 2026

တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် Colin Bell ၏ မီဒီယာတွေ့ဆုံပွဲ ပြောကြားချက်

September 13, 2026

Latest News

အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဂျပန်သို့ ထွက်ခွာ

September 10, 2026

ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာ (၁၀) ရက် (ယနေ့) ညနေပိုင်းတွင် ပြိုင်ပွဲကျင်းပရာ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ယခုပြိုင်ပွဲအတွက် နည်းပြချုပ် ကောလင်းဘဲလ်သည် သူကိုယ်တိုင် ရွေးချယ်ထားသည့် အပြီးသတ် ကစားသမား (၂၃) ဦးစာရင်းကို စက်တင်ဘာ (၉) ရက်က ထုတ်ပြန်ခဲ့သည်။ ရန်ကုန်ယူနိုက်တက် ကွင်းလယ်တောင်ပံကစားသမား ယွန်းဝတီလှိုင်၊ သစ္စာအားမာန် ကွင်းလယ်ကစားသမား ခင်မိုမိုထွန်းနှင့် ဧရာဝတီအက်ဖ်စီ နောက်ခံကစားသမား နန်းဖြူဖွေးတို့သည် ဒဏ်ရာပြဿနာများကြောင့် ပဏာမလူစာရင်း ရွေးချယ်စဉ်ကတည်းက ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ပြင် ဧရာဝတီအက်ဖ်စီ တိုက်စစ်မှူး စန်းသော်သော်မှာလည်း အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များအပြီး လက်ရွေးစင်အသင်းနှင့် ပြန်လည်ပူးပေါင်း လေ့ကျင့်ခဲ့သော်လည်း ကာလအတန်ကြာ ရရှိနေသည့် ဒဏ်ရာမှာ မသက်သာသောကြောင့် ဆေးကုသမှုခံယူရန် ပြန်လည်စေလွှတ်ခဲ့ရသည်။

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်အားလုံးကို Osaka မြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာလ (၁၄) ရက် (တနင်္လာနေ့) မြန်မာစံတော်ချိန် ညနေ (၅:၀၀) နာရီတွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာလ (၁၇) ရက် (ကြာသပတေးနေ့) မြန်မာစံတော်ချိန် ညနေ (၅:၀၀) နာရီတွင် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာလ (၂၁) ရက် (တနင်္လာနေ့) မြန်မာစံတော်ချိန် မွန်းလွဲ (၁:၃၀) နာရီတွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

Related News

September 29, 2026
၂၀၂၇ ခုနှစ် အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ (AFC U17 Women’s Asian Cup 2027) ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် Young Lionesses (မြန်မာ ယူ-၁၇) အသင်း၏ ပုံရိပ်များ
September 13, 2026
တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် Colin Bell ၏ မီဒီယာတွေ့ဆုံပွဲ ပြောကြားချက်