Myanmar Women’s League 2026-27 ပြိုင်ပွဲ၏ Week-7 ပွဲစဉ်တွင် Zwekapin United FC အသင်းက Young Lionesses FC အသင်းကို (၆-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
Zwekapin United FC အတွက် အဖွင့်ဂိုးကို ပထမပိုင်း ၃၀ မိနစ်တွင် OG ရရှိခဲ့ပြီး ပထမပိုင်းအပြီးတွင် (၁-၀) ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် Zwekapin United FC က တိုက်စစ်ပိုင်းကို ဆက်လက်အရှိန်မြှင့်ခဲ့ရာ Belinda Ofori က ၆၂ မိနစ်၊ ၇၃ မိနစ်နှင့် ၈၈ မိနစ် (ပင်နယ်တီ) တိုတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ထိုအပြင် Gloria Fosuah က ၆၆ မိနစ်တွင်(ပင်နယ်တီ)ဖြင့်ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပြီး Rouguiatou Drame က ၈၁ မိနစ်တွင် အနိုင်ဂိုးကို ဖြည့်စွက်သွင်းယူခဲ့သည်။
ပွဲအပြီးတွင် Zwekapin United FC အသင်းက Young Lionesses FC အသင်းကို (၆-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ အရေးပါသော သုံးမှတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။