နည်းပြ အပြောင်းအလဲ ပြုလုပ်ထားသည့် မြဝတီအသင်းသည် ယနေ့ပွဲတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းကို ဂိုးမရှိ သရေကျသည်အထိ ကစားနိုင်ခဲ့သည်။
ထိုပြင် ဒုတိယပိုင်းတွင်လည်း မြဝတီအသင်းကပင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး သင်္ဂီထွေးက သွင်းယူပေးခဲ့သည်။သိုသော် ပွဲချိန် ၈၅ မိနစ်နှင့် ၈၆ မိနစ်တိုတွင် ရန်ကုန်ယူနိုက်တက်အသင်းက ချေပဂိုးနှင့် ဦးဆောင်ဂိုးများရခဲ့ပြီး တိုက်စစ်မှူးဇင်မိုးပြည့်နှင့် စုစုကြည်တိုက သွင်းယူပေးခဲ့သည်။ ထိုကြောင့် ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။