ဇင်မိုးပြည့်၊ နန်းချိုမွှေးတို့၏ သွင်းဂိုးများဖြင့် နိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီ

ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် Myanmar Women’s League 2026-27 ပွဲစဉ် (၅) တွင် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းက သုံးဂိုးပြတ်ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းအတွက် ဇင်မိုးပြည့်ကနှစ်ဂိုးနှင့် နန်းချိုမွှေးက တစ်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှူး ဇင်မိုးပြည့်အနေဖြင့် ယနေ့ပွဲစဉ် သွင်းဂိုးနှစ်ဂိုးအပါအဝင် ယခုနှစ်ရာသီ စုစုပေါင်း သွင်းဂိုးခြောက်ဂိုးအထိ သွင်းယူထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းသည် ယနေ့ပွဲအနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားအဆင့် (၃) နေရာတွင် ဆက်လက်ရပ်တည်နေပြီး ဇွဲကပင်ယူနိုက်တက်အက်ဖီစီအသင်းက အဆင့် (၉) နေရာ ဆက်လက်ရပ်တည်လျက်ရှိသည်။