ယနေ့ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁) TF-1 ၌ ကျင်းပခဲ့သော Myanmar Women’s League 2026-27 Week-7 မြဝတီအက်ဖ်စီ (၀-၃) သစ္စာအားမာန်အက်ဖ်စီ ပွဲစဉ်သည် နှစ်သင်းစလုံး၏ အပြန်အလှန်ထိုးဖောက် ယှဉ်ပြိုင်မှုများနှင့်အတူ ပရိသတ်များအကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
ယနေ့ပွဲတွင် သစ္စာအားမာန်အက်ဖ်စီအနေဖြင့် အသင်းစည်းလုံးညီညွတ်မှုအပိုင်း ပိုမိုကောင်းလာသည်ကို တွေ့ရပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုပါ ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
မြဝတီအက်ဖ်စီအနေဖြင့် ယနေ့ပွဲ အရေးနိမ့်ခဲ့သော်လည်း ပွဲအစ အစောပိုင်း မိနစ်များတွင် ဂိုးရလုနီးပါး ဖြစ်ခဲ့သည့် အခိုက်အတန့်များ အပါအဝင် အပြန်အလှန် တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။