ယနေ့ပွဲတွင် ရှမ်းယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက်တည်း Young Lionesses အသင်းဘက်သို့ဖိအားပေးတိုက်စစ်ဆင်ခဲ့သည်။ ပွဲချိန် ၈ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဝင်းသူဇာအောင်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး လေးမိနစ်အလိုတွင် ရှမ်းယူနိုက်တက်အသင်း ဒုတိယဂိုးထပ်မံရခဲ့ပြီး PEACE က သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ရှမ်းယူနိုက်တက်အသင်းက ကစားအားမလျော့ဘဲ ဆက်လက် ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် တတိယဦးဆောင်ဂိုးရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် တတိယဂိုးကို ABIGAIL SAKYIWAAက သွင်းယူပေးခဲ့သည်။ ပွဲပြီးခါနီး မိနစ် ၉၀ တွင် ရှမ်းယူနိုက်တက်အသင်း စတုထ္ထ ဦးဆောင်ဂိုးရခဲ့ပြီး သော်တာနှင်းက သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက Young Lionesses အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။