Myanmar Women’s League 2026-27အမှတ်‌ ပေးပြိုင်ပွဲ Week-9 ပွဲစဉ်အဖြစ် မြဝတီအသင်း နှင့်ဇွဲကပင်ယူနိုက်တက်အသင်းတို ယှဉ်ပြိုင်ကစားခဲ့ရာမြဝတီအသင်းက(၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲစတင်ပြီး ၁၈ မိနစ်တွင်မြနှင်းဝေကမြဝတီအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါဂိုးဖြင့်မြဝတီအသင်းကဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရှိရန် ကြိုးပမ်းခဲ့ကြသော်လည်း ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သဖြင့် ပွဲအပြီးတွင်မြဝတီအသင်း(၁-၀)ဖြင့်ဇွဲကပင်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။