Myawady FC vs Shan United FC

Home Fixtures 2026-27 Myawady FC vs Shan United FC

Myawady FC

0

-

2

Shan United FC

YU PAR KHINE (55′,62′)

Myanmar Women's League 2026-27 Week-3 ၏ နောက်ဆုံးပွဲစဉ်အဖြစ် တွေ့ဆုံခဲ့သည့် မြဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်

Myanmar Women’s League 2026-27 Week-3 ၏ နောက်ဆုံးပွဲစဉ်အဖြစ် တွေ့ဆုံခဲ့သည့် မြဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ယနေ့ပွဲစဉ်တွင် မြဝတီအက်ဖ်စီအသင်းက အီတာရာ၊ အေးအေးမိုး၊ ပုံ့ပုံ့ပြည့်မောင်၊ ဂျော်ဂျာဒွေးတို့ဖြင့် လူစုံပွဲထွက်လာခဲ့ပြီး ပထမဦးဆုံးနိုင်ပွဲရရှိရေးအတွက် ကြိုးစားကစားခဲ့သော်လည်း ရှုံးပွဲဆက်လက်ရင်ဆိုင်ခဲ့ရသည်။

ရှမ်းယူနိုက်တက်အသင်းသည် အသစ်ခေါ်ယူထားသည့် ပြည်ပကစားသမားသုံးဦး ပါဝင်လာခြင်းမရှိသော်လည်း ဇင်မာထွန်း၊ သူဇာအောင်၊ ရူပါခိုင်၊ နန်းဖြူဖြူသွယ်တို့ဖြင့် ပွဲထွက်လာခဲ့ကာ ပထမပိုင်းတွင် အခွင့်အရေးအချို့လွဲချော်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပုံစံကောင်းနှင့်အတူ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းအတွက် အနိုင်ဂိုးများကို ၅၅ ၊ ၆၂ မိနစ်များတွင် တိုက်စစ်မှူး ရူပါခိုင်က တစ်ဦးတည်းနှစ်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယနေ့ပွဲအနိုင်ရလဒ်ကြောင့် ရမှတ် လေးမှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၆) နေရာအထိ တက်လှမ်းလာနိုင်ခဲ့သည်။

Myawady FC vs Shan United FC | Myanmar Women's League 2026-27 | Highlights

Myawady FC vs Shan United FC | Myanmar Women's League 2026-27 | Full Match

You can view the PDF version here.