Yangon City vs Zwekapin United 2026-27

Home Fixtures 2026-27 Yangon City vs Zwekapin United 2026-27

Yangon City FC

0

-

3

Zwekapin United FC

May July – 21’

Gloria Fosuah – 63’

Htake Tin Kyaw – 90+4’

ဂိုးပြတ်ရလဒ်နှင့်အတူ အဖွင့်လှခဲ့သည့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်း

Myanmar Women’s League 2026-27 Week-1 ပွဲစဉ်အဖြစ် ရန်ကုန်စီးတီးအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ဇွန်လ ၁၇ ရက် ညနေက ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ဇွဲကပင်ယူနိုက်တက်အက်ဖ်စီက သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ခင်ဘုန်းဦးဆောင်လာသည့် ရန်ကုန်စီးတီးအက်ဖ်စီအသင်းသည် ပြည်ပကစားသမားသုံးဦး ထည့်သွင်းအသုံးပြုလာသည့် ဇွဲကပင်ယူနိုက်တက်အသင်းကို ခြေရည်တူယှဉ်ပြိုင်ကစားနိုင်ရန် အခက်တွေ့ခဲ့ရပြီး နောက်တန်းအားနည်းချက်များလည်း မြင်တွေ့ခဲ့ရသည်။

ယနေ့ပွဲ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအတွက် အနိုင်ဂိုးများကို ၂၁ မိနစ်တွင် မေဂျူလိုင်၊ ၆၃ မိနစ်တွင် ဂလိုရီယာ၊ ၉၀+၃ မိနစ်တွင် ထိပ်တင်ကျော်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ယနေ့ပွဲစဉ်၏ AYA Pay Player of the Match ဆုကို ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းတိုက်စစ်မှူး ဂလိုရီယာက ရရှိခဲ့သည်။

ရန်ကုန်စီးတီးအက်ဖ်စီအသင်းသည် Week-2 တွင် ရတနာပုံအက်ဖ်စီအသင်းနှင့် တွေ့ဆုံနေကာ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းအနေဖြင့် ISPE FC နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Yangon City vs Zwekapin United | Myanmar Women's League 2026-27 | Highlights

Yangon City vs Zwekapin United | Myanmar Women's League 2026-27 | Full Match

You can view the PDF version here.