Zwekapin FC
0
-
3
I.S.P.E FC
Me Me Zin 76′
Moe Pwint Phyu 89′
ယနေ့ပွဲစဉ်တွင် ဇွဲကပင်ယူနိုက်တက်အသင်းသည် ရန်ကုန်စီးတီးအသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ်တွင် အသုံးပြုခဲ့သည့် ကစားသမားအများစုကို ထုတ်သုံးခဲ့သည်။ I.S.P.E အသင်းသည် ယနေ့ပွဲတွင် ဝါရင့်အသင်းခေါင်းဆောင် ခင်မာလာထွန်း၊ စန္ဒာလင်း၊ ထက်အိန္ဒြာလင်း(ဂိုး)၊ သင်းဇာချို၊ ဟေမာန်စိုးစသည့်ကစားသမားများကို အရန်စာရင်းတွင် ထည့်သွင်းထားပြီး အသင်းခေါင်းဆောင်အဖြစ် လင်းမြင့်မိုက ပွဲထွက်လာခဲ့သည်။
ပွဲအစ လေးမိနစ်၌ပင် I.S.P.E အသင်း တိုက်စစ်မှူး ရွှေရည်ထွန်းသည် ဇွဲကပင်နောက်ခံလူများကို လိမ်ခေါက်ပြီး I.S.P.E အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ပေးဂိုးစောခဲ့သည့် ဇွဲကပင်ယူနိုက်တက်အသင်းသည် ပထမပိုင်း လက်ကျန်မိနစ်များတွင် အမှားမခံဘဲ မာမာထန်ထန် ပြန်လည်တုံပြန်ခဲ့ပြီး I.S.P.E အသင်းသည်လည်း ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့်သာ ပွဲကို ဦးဆောင်ခဲ့သည်။
ပထမပိုင်းတွင် ကစားပုံမကောင်းခဲ့သည့် I.S.P.E အသင်းသည် ဒုတိယပိုင်းတွင် ခင်မာလာထွန်း၊ စန္ဒာလင်း၊ သင်းဇာချိုတိုကို ထည့်သွင်းခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် I.S.P.E အသင်းသည် ဒုတိယ ဦးဆောင်ဂိုးရခဲ့ပြီး ဇွဲကပင်ယူနိုက်တက် ဂိုးသမား ရှေ့ထွက်ဖမ်းဆွဲမှုကို အခွင့်အရေးယူပြီး ကွင်းလယ် ကစားသမား မီမီဇင်က အပြင်းကန်သွင်းခဲ့ခြင်းဖြစ်သည်။ I.S.P.E အသင်းအတွက် တတိယမြောက်ဂိုးကို လူစားဝင်ရောက်လာသည့် မိုးပွင့်ဖြူက အဝေးကန်ချက်ဖြင့် သွင်းယူပေးခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် I.S.P.E အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
You can view the PDF version here.