I.S.P.E FC
0
-
0
Yadanarbon FC
–
–
ယနေ့တွင် ရတနာပုံအသင်းသည် ISPE အသင်းကို ခံစစ်ပိတ် မကစားခဲ့ဘဲ ခံစစ်၊ တိုက်စစ် မျှတစွာ ကစားခဲ့သည်။ ISPE အသင်းသည် ဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း ရတနာပုံအသင်း၏ မာကြောသည့်တုံပြန်မှုများအပြင် လူကျွံထောင်ချောက်များကြောင့် ပထမပိုင်းတွင် အခက်တွေ့ခဲ့ရသည်။ ထိုကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ISPE အသင်းမှ ဦးဆောင်ဂိုးရရန် ကြိုးပမ်းခဲ့ပြီး ဂိုးရလုနီးနီး အခြေအနေများထိ ရှိခဲ့သည်။ သိုသော် ရတနာပုံအသင်းသည် ပထမပိုင်းကဲ့သိုပင် ISPE အသင်း၏ တိုက်စစ်များကို အကောင်းဆုံး တုံပြန် ခုခံကာ အဖိုးတန်သရေတစ်မှတ် ရသွားခဲ့သည်။