Shan United Women’s Club announced the signing of midfielder May Thinzar as a new player for the 2026/27 Myanmar Women’s League season.

June 5, 2026

Myanmar Women’s League 2026-27 pre-tournament coordination meeting held

June 9, 2026

Latest News

မြန်မာအမျိုးသမီးလိဂ် ကလပ်အသင်းနည်းပြများနှင့် FIFA Mentor တွေ့ဆုံ၍ လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေ

June 7, 2026

မြန်မာအမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလပ်အသင်းများ၏ လေ့ကျင့်ရေးစံနှုန်းများ ပိုမိုမြင့်မားလာစေရေးအတွက် FIFA Mentor ဖြစ်သူ Mr Nick Harvey သည် ၂၀၂၆ ခုနှစ် မေ (၃၁) ရက်မှ ဇွန်လ (၄) ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာအမျိုးသမီးလိဂ် (MWL) ကလပ်အသင်းများမှ နည်းပြများနှင့် တွေ့ဆုံ၍ အတွေ့အကြုံများ မျှဝေခဲ့သည်။

အဆိုပါ အစီအစဉ်တွင် အသင်းလေ့ကျင့်ရေးဆိုင်ရာ အတွေးအခေါ်များ၊ ရာသီကြိုပြင်ဆင်မှု (Pre-Season Preparation)၊ အပတ်စဉ် လေ့ကျင့်ရေးစီမံကိန်းများ (Weekly Periodization)၊ ကစားသမားကြံ့ခိုင်မှု စီမံခန့်ခွဲရေး (Fitness Management) နှင့် Recovery ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပို့ချခဲ့ပြီး ကလပ်အသင်း နည်းပြများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။

အဆိုပါ အစီအစဉ်သည် မြန်မာအမျိုးသမီးလိဂ် ကလပ်အသင်းများ၏ နည်းပြစွမ်းရည်များ ပိုမိုတိုးတက်လာစေရန်နှင့် ကစားသမားဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အနာဂတ် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအတွက် အရည်အသွေးမြင့် ကစားသမားများ မွေးထုတ်ပေးနိုင်ရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်သည်။

Mr Nick Harvey သည် England FA တွင် Performance Educator နှင့် Consultant Physical Performance Coach အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး Reading FC နှင့် Southampton FC တို့တွင်လည်း ကြံ့ခိုင်ရေးဆိုင်ရာ ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ လက်ရှိတွင် FIFA Mentor တစ်ဦးအနေဖြင့် နိုင်ငံလက်ရွေးစင်အသင်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Related News

September 29, 2026
၂၀၂၇ ခုနှစ် အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ (AFC U17 Women’s Asian Cup 2027) ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် Young Lionesses (မြန်မာ ယူ-၁၇) အသင်း၏ ပုံရိပ်များ
September 13, 2026
တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် Colin Bell ၏ မီဒီယာတွေ့ဆုံပွဲ ပြောကြားချက်