Thitsar Arman FC
0
-
1
I.S.P.E FC
Sandar Lin 37′
ရန်ကုန်ယူနိုက်တက်မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော Myanmar Women’s League 2026-27 ပွဲစဉ်(၅)တွင် ISPE FC အသင်းက သစ္စာအားမာန်အက်ဖ်စီအသင်းကို ကွင်းလယ်လူ စန္ဒာလင်း၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲသည် နှစ်ဖက်အပြန်အလှန်အကြိတ်အနယ်ရှိခဲ့သော်လည်း ဂိုးသွင်းသေချာသည့် ISPE FC အသင်းက အနိုင်ရရှိသွားခြင်းဖြစ်သည်။
သစ္စာအားမာန်အသင်းသည် ယနေ့ပွဲတွင် ရလဒ်ပိုင်းအရေးနိမ့်ခဲ့သော်လည်း ကစားပုံကောင်းမွန်ခဲ့သည်ကို တွေ့ရသည်။ ပွဲပြီးရန် စက္ကန့်ပိုင်းအလို နောက်ခံလူ ဖူးပွင့်ခိုင်၏ ကန်ချက် ဂိုးဘားတန်းထိထွက်သွားခြင်းက အသင်းအတွက် နစ်နာခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။
ISPE FC အသင်းသည် ယနေ့နိုင်ပွဲကြောင့် (၅)ပွဲဆက် နိုင်ပွဲမှတ်တမ်းကောင်းနှင့်အတူ ရမှတ် (၁၅) မှတ် ရရှိကာ ဒုတိယနေရာမှ တစ်ပွဲလျော့ ဧရာဝတီအက်ဖ်စီအသင်းကို ၆ မှတ်ဖြတ်ထားနိုင်သည်။