Yangon United FC vs Yangon City FC

Home Yangon United FC vs Yangon City FC

Yangon United FC

4

-

0

Yangon City FC

NAN CHO HMWE 17′,18′,79′

ZIN MOE PYAE 76′

ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် တစ်သင်းလုံး တက်ကစားခဲ့ပြီး ရန်ကုန်စီးတီးအသင်းကလည်း တစ်သင်းလုံး ခံစစ်ကစားခဲ့သည်။ ရန်ကုန်စီးတီးအသင်း၏ ခံစစ်အသားပေး ကစားမှုကြောင့် ရန်ကုန်အသင်း အခက်တွေ့ခဲ့သော်လည်း ပွဲချိန် ၁၇ ၊ ၁၈ မိနစ်များတွင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ရန်ကုန်စီးတီး ဂိုးဧရိယာအတွင်း ဝင်မရသည့်အတွက် ကွင်းလယ်လူ နန်းချိုမွှေးက အဝေးကန်ချက်ဖြင့် နှစ်ဂိုးစလုံး သွင်းပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်း ၇၇ မိနစ်နှင့် ၇၉ မိနစ်များတွင် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးနှစ်ဂိုး ထပ်မံရခဲ့ပြီး တိုက်စစ်မှူး ဇင်မိုးပြည့်နှင့် နန်းချိုမွှေး(ဟက်ထရစ်) တို့က ထပ်မံသွင်းပေးခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

Yangon United FC vs Yangon City FC | Myanmar Women's League 2026-27 | Highlights

Yangon United FC vs Yangon City FC | Myanmar Women's League 2026-27 | Full Match

You can view the PDF version here.