ဧရာဝတီအမျိုးသမီးအသင်း၏ လူရွေးပွဲမှ ပုံရိပ်များ

June 5, 2026

မြန်မာအမျိုးသမီးလိဂ် ကလပ်အသင်းနည်းပြများနှင့် FIFA Mentor တွေ့ဆုံ၍ လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေ

June 7, 2026

Latest News

Shan United Women’s Club announced the signing of midfielder May Thinzar as a new player for the 2026/27 Myanmar Women’s League season.

June 5, 2026

ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ၂၀၂၆/၂၇ မြန်မာအမျိုးသမီးလိဂ်ရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် ကွင်းလယ်ကစားသမား မေသင်ဇာအား ခေါ်ယူအားဖြည့်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မေသင်ဇာသည် ကွင်းလယ်တွင် လုပ်အားနှုန်းကောင်းစွာကစားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ရန်ကုန်စီးတီးအမျိုးသမီးအသင်း၌ ရာသီဝက်နှင့် Young Lionesses အသင်းတွင် ရာသီဝက် ပါဝင်ကစားခဲ့သူလည်းဖြစ်သည်။
ထို့အပြင် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် AFC U-17 Women’s Asian Cup ခြေစစ်ပွဲနှင့် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် 2026 AFC U-17 Women’s Asian Cup ပြိုင်ပွဲများတွင် မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်အသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ဇာတိဖြစ်သူ မေသင်ဇာ၏ ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် “ရှမ်းယူနိုက်တက်ကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အတွေ့အကြုံအသစ်တွေနဲ့အတူ ပိုပြီးတော့ ကောင်းမွန်တဲ့ ကစားသမားဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ အသင်းက နည်းပြဆရာတွေ၊ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ ခြေစွမ်းတွေပြသနိုင်ဖို့ အများကြီးပိုကြိုးစားပါ့မယ်” ဟု ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် ရာသီ၌ အမှတ်ပေးဇယားအဆင့် (၅) နေရာရပ်တည်ခဲ့သည်။

Related News

September 29, 2026
၂၀၂၇ ခုနှစ် အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ (AFC U17 Women’s Asian Cup 2027) ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် Young Lionesses (မြန်မာ ယူ-၁၇) အသင်း၏ ပုံရိပ်များ
September 13, 2026
တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် Colin Bell ၏ မီဒီယာတွေ့ဆုံပွဲ ပြောကြားချက်