မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့အတွက် ကစားသမားသစ်များ ရွေးချယ်သွားမည့် ဇွဲကပင်ယူနိုက်တက်အသင်း

August 17, 2026

အုပ်စု ဒုတိယပွဲတွင် လက်ဘနွန်ကလပ်ကို ဂိုးပြတ်အနိုင်ရခဲ့သည့် ဧရာဝတီအသင်း

August 20, 2026

Latest News

စင်ကာပူကလပ်ကို ဂိုးပြတ်အနိုင်ရခဲ့သည့် ဧရာဝတီအသင်း

August 17, 2026

၂၀၂၆-၂၇ အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စု(F) အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၇ ရက်၊ ညနေ(၄:၀၀) နာရီက သုဝဏ္ဏကွင်းတွင် ဧရာဝတီအသင်းနှင့် စင်ကာပူကလပ် FC Jurong အသင်းတို ကစားခဲ့ကြပြီး ဧရာဝတီအသင်းက (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲတွင် ဧရာဝတီအသင်းအတွက် ဂိုးများကို Yui Kasai ၊ ဝင်းသိင်္ဂီထွန်း(နှစ်ဂိုး)၊ လင်းမြင့်မိုတို့က သွင်းယူပေးခဲ့ကြသည်။
အခြားပွဲစဉ်တွင် တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC အသင်းက လက်ဘနွန်ကလပ် No Limit အသင်းကို (၆-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဧရာဝတီအသင်းသည် အုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် လာမည့် ဩဂုတ် ၂၀ ရက်၊ ညနေ (၄:၀၀) သုဝဏ္ဏကွင်းတွင် လက်ဘနွန်ကလပ် No Limit အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

AFC Women’s Champions League 2026/27
(Preliminary Stage )
…………………………………..
Full Time
AYEYAWADY FC 4️⃣-0️⃣ FC JURONG
Yui Kasai 35′
Win Theingi Tun 55′, 78′
Lin Myint Mo 59′

Related News